သရက်ချောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်





 

MNP ၊ ဇန်နဝါရီ ၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က ကတွဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ် ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက ကတွဲကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေပြည်သူ့များအား နိုင်ငံသားစိစစ်ရေးကပ်ပြားအသက်(၁၀)ပြည့်၊ အသက်(၁၈)နှစ်ပြည့်ပြုလုပ်ပေးခြင်း၊ အသက် (၁၈)နှစ်ပြည့်လဲလှည်ပေးခြင်းတို့အား  ပြုလုပ်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့်(၃၅)ဦး၊ အသက်(၁၈)နှစ်ပြည့်(၂)ဦး၊ နိုင်ငံသားစိစ်ရေးကပ်ပြားလဲလှည်(၃၃)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ(၉)ဦး  စုစုပေါင်း(၇၉)ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ(၃)ရက်နေ့မှ စတင်ကာ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - အေးနွယ်ဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)