မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေး


MNP - ဇန်နဝါရီ   ၇

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတစ်ရပ် ဖြစ်သော ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဦးတည်အုပ်စုများဖြင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၂)ကျောင်းတွင် ပညာသင်ကြား နေသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုးမီ ကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများ မှ ဖြည့်စွက်ပေးသည့် ကျန်းမာရေး စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအတွက် မိဘအုပ်ထိန်းသူများ၏ သဘောတူ ခွင့်ပြုချက် အထောက်အထားများပြည့်စုံမှု ရှိ / မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးမှတ်တမ်းရေးသွင်းစေခြင်းတို့ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီး နောက်နာရီဝက်ခန့် စောင့်ကြည့်ခြင်းတို့ကို မြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

သတင်း - သန္တာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)