MNP - ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအား ယနေ့ နံနက် (၉) နာရီခွဲအချိန်မှစတင်၍ ပင်လုံမြို့ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူးရုံး၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးသည့်လုပ်ငန်းမှာ ၆-၁၂-၂၀၂၁ ရက်နေ့မှ ၁၀-၁၂-၂၀၂၁ ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးထားသည့် ပြည်သူများအား ၇-၁-၂၀၂၂ ရက်နေ့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုး နှံပေးခြင်းဖြစ်ကြောင်း ပင်လုံမြို့ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment