ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက်၁၈နှစ်နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက်၁၈နှစ်နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

 


MNP -  ဇန်နဝါရီ    ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက် ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများကို ယနေ့ နံနက် ၉ နာရီမှစ၍  ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက် ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယအကြိမ်  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ရပ်ကွက်အတွင်းရှိ အသက် ၁၈နှစ်အထက်ရှိသူများ၊ သတ်မှတ်ဆေးထိုးအုပ်စုများထဲတွင် ပါဝင်သည့် မြို့နယ်နေ ပြည်သူများအား မြို့နယ်သူနာပြု ဆရာမကြီး ဒေါ်ခင်ပပလွင်ကြီး ဦးဆောင်၍ သူနာပြု ဆရာမများ နှင့်ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ကာကွယ် ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

သတင်း - ဝေယံ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)