MNP - ဇန်နဝါရီ ၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်သူ၊မြို့နယ် သာများ၊ စေတနာရှင်များနှင့် မေတ္တာမွန် လူမှုကူညီရေး အသင်းတို့ ပူးပေါင်းဆေင်ရွက်မှုဖြင့် တည်ဆောက် သော မေတ္တာမွန် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မေတ္တာမွန်အောက်ဆီ ဂျင် စက်ရုံရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်မှ အဖွင့်အမှာစကားပြော ကြားပြီး၊ မြို့နယ် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် မေတ္တာမွန် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းမှ လုပ်ငန်းဆောင်ရွက်မှုအားရှင်းလင်းတင်ပြခဲ့သည်။ အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးအတွက် မတည်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင် အေး၊မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးတင့်လှိုင်၊ မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိ ယ ဗိုလ်မှူးကြီး ရဲမြင့်၊ အုပ်ချုပ်ရေးတပ်မှူး လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မေတ္တာမွန် လူမှုကူညီရေးအသင်အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်း တို့ မှဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အောက်ဆီဂျင်စက်ရုံအား အမွှေးနံသာရေဖြင့် ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment