MNP - ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးတည် အုပ်စုတွင် ပါဝင်သူများအား ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးလုပ်ငန်း ကော်မတီ အဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန် အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးရာတွင် လည်း မိနစ်( ၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့် ပြုကြောင်း သိရသည်။
အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ထောက်ကြန့်ကိုဗစ်စင်တာ၊ ပတ္တမြားရပ်ကွက် စသည်တို့တွင် သတ်မှတ်အုပ်စုများအလိုက် နေ့စဉ်ထိုးနှံ ပေးလျက်ရှိပြီး ယမန်နေ့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၂၅၈၀)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သတင်း - သန္တာ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment