တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် မြို့လုံးကျွတ် COVID-19 ရောဂါစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် မြို့လုံးကျွတ် COVID-19 ရောဂါစစ်ဆေး

ထျန်းကျင်း ၊ ဇန်နဝါရီ ၉

တရုတ်နိုင်ငံ ပေကျင်းမြို့၏ အိမ်နီးချင်းမြူနီစပယ်ဒေသတစ်ခုဖြစ်သည့် နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၌ လူ ၂၀ ဦးထံတွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မြို့လုံးကျွတ် နျူကလိစ်အက်စစ်စစ်ဆေးမှု စတင်ရန် ဆုံးဖြတ်လိုက်ကြောင်း အာဏာပိုင်များက ယနေ့ ဇန်နဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ ရောဂါကူးစက်မှုများ သတင်းပေးပို့ချက်ကို Jinnan ခရိုင်တွင် ဇန်နဝါရီ ၈ ရက် ည ၆ နာရီမှ ၉ နာရီအတွင်း လက်ခံရရှိခဲ့ပြီး VOC/ အိုမီခရွန် မျိုးဗီဇသစ်နှင့်အတူ ပထမဆုံး ပြည်တွင်းကူးစက်လူနာနှစ်ဦးကို  စစ်ဆေးတွေ့ရှိခဲ့ကြောင်း  COVID-19 ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဆိုင်ရာ မြူနီစပယ်ဗဟိုဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။

အခြားရောဂါကူးစက်ခံရသူ ၁၈ ဦးသည် ပထမဆုံး ကူးစက်လူနာနှစ်ဦး စတင်တွေ့ရှိရာ နေ့ကလေးထိန်းကျောင်း နှင့် မူလတန်းကျောင်းတို့နှင့် ဆက်နွယ်မှုရှိသည့် အဓိကအားဖြင့် ကျောင်းသားကျောင်းသူများ နှင့် ၎င်းတို့၏ မိသားစုဝင်များဖြစ်ကြကြောင်း မြူနီစပယ်ကျန်းမာရေးကော်မရှင်ညွှန်ကြားရေးမှူး Gu Qing က ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

နောက်ဆုံးအကြိမ် ရောဂါပြန်လည်ဖြစ်ပွားမှုတွင် ဗိုင်းရပ်စ်သည် အနည်းဆုံးမျိုးဆက်သုံးခုအထိ ကူးစက်ပျံ့နှံ့ထားပြီးဖြစ်ကြောင်း နှင့် နောက်ထပ် ကူးစက်မှုများ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း ထျန်းကျင်းမြို့တော် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး  Zhang Ying  က ဆိုသည်။ မြို့တွင်းရောဂါကူးစက်မှုသည် ပြည်ပမှ ကူးစက်ဝင်ရောက်လာခဲ့သည့် အိုမီခရွန်မျိုးဗီဇ နှင့် ဆက်နွယ်မှုရှိ မရှိဆိုသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မြို့လုံးကျွတ် နျူးကလိစ်စစ်ဆေးမှုကို ခရိုင်လေးခုတွင် ယနေ့ ဇန်နဝါရီ ၉ ရက် နံနက် ၇ နာရီမှ စတင်ပြီး အခြား ခရိုင် ၁၂ ခုတွင် ဇန်နဝါရီ ၁၀ ရက် နံနက် ၇ နာရီမှ စတင်ကာ အချိန် ၂၄ နာရီအတွင်း ပြီးစီးရန် မျှော်လင့်ထားကြောင်း ၊ ဒေသခံများအနေဖြင့် ရောဂါကင်းရှင်းကြောင်း (negative ) ရလဒ် မထွက်ပေါ်လာမခြင်း အစိမ်းရောင်ကျန်းမာရေးကတ်တစ်ခုကို လက်ခံရရှိမည်မဟုတ်ကြောင်း ဗဟိုဌာနများ၏ ပြောကြားချက်အရ သိရသည်။


Ref - (ဆင်ဟွာ)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)