မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Covishield )များ ပထမအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Covishield )များ ပထမအကြိမ်ထိုးနှံပေး

 


MNP - ဇန်နဝါရီ    ၁၂

မိတ္ထီလာမြို့နယ်အတွင်းရှိရပ်ကွက်ကျေးရွာအုပ်စုများတွင်နေထိုင်ပြီးကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုး ရန်ကျန်ရှိသူများအားယနေ့ ယနေ့ နံနက် ၉ နာရီအချိန်က စတင်ပြီး သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ် များတွင်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Covishield ) များ ပထမအကြိမ် ထိုးနှံပေးကြောင်းသိရသည်။

ကျီတော်ကုန်းရပ်ကွက်နဲ့ ရတနာမာရ်အောင်ရပ်ကွက် အတွင်းကကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူတွေကိုကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Covishield)များထိုးနှံပေးတာဖြစ်ပါတယ်။ ယနေ့ကျီတော် ကုန်းရပ်ကွက်နယ်မြေမှာရှိတဲ့မိုးကောင်းဓမ္မာရုံမှာ ကျီတော်ကုန်းနဲ့ ရတနမာရ်အောင်ရပ်ကွက် ၂ ခုက ဒေသခံပြည်သူ ၅ဝ၆ ဦးကိုထိုးနှံပေးတာပါဟု ကျီတော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။ အလားတူ နန်းတော်ကုန်းရပ်ကွက်တွင် လူဦးရေ ၅ဝ၆ ဦးကို ဆည်မြောင်းရှင်းလင်းဆောင်နေရာတွင်လည်းကောင်း၊ အလည်ရွာကျေးရွာအုပ်စုတွင် လူဦးရေ ၉ဝ၂ ဦးအား အလည်ရွာဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း ၊ ရန်မျိုးအောင်ရပ်ကွက်နေ လူဦးရေ ၆ဝ၅ ဦးအား အောင်မင်္ဂလာခန်းမတွင်လည်းကောင်း၊ မြောက်လည်ကျေးရွာအုပ်စုတွင် လူဦးရေ ၄၅၁ ဦးအား မြောက်လည်ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ ကွက်ငယ်ကျေးရွာအုပ်စုတွင် လူဦးရေ ၆၆ဝ ဦးအား ဒဟတ္တန်းကျေးရွာဓမ္မာရုံတွင် လည်း ကောင်း၊ ရေဝေကျေးရွာအုပ်စုတွင် လူဦးရေ ၄ဝ၇ ဦးအား ရေဝေကျေးရွာဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ မောက်လောက်ကျေးရွာအုပ်စုတွင် လူဦးရေ ၃၅၂ ဦးအား မောက်လောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊  မကျီးစုကျေးရွာအုပ်စုတွင် လူဦးရေ ၂ဝ၉ ဦးအား ပျဉ်သာ ကျေးရွာဘုန်းကြီးကျောင်းတွင်လည်းကောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covishield)များ ထိုးနှံပေးကြောင်းသိရသည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးရေးလုပ်ငန်းအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သတင်း - ချမ်းသာ

 https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)