MNP - ဇန်နဝါရီ ၉
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ သီရိရတနာဈေးရှေ့တွင် ဈေးရောင်း၊ ဈေးဝယ်သည့် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေ းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်မားရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများတို့က ပါးစပ်နှင့် နှာခေါင်းစည်း(Mask) အခုရေ (၂ဝဝဝ)ခုကို ဈေးရောင်း၊ ဈေးဝယ်သွားလာနေသည့် ပြည်သူများ အား အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရန် အတွက် လိုက်နာရမည့်အချက်များ၊ လက်ကို HandGel (သို့မဟုတ်) ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်နှင့် လူစုလူဝေးနေရာများ သွားလာခြင်းမှ ရှောင်ကြရန် စသည့်အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment