MNP - ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ရန်ကင်းအောင်ရပ်ရှိ မြို့နယ် လဝကရုံးအား NLD , CRPH , NUG , PDF သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အစွန်းရောက် လက်နက်ကိုင် အကြမ်းဖက်သမားများက ဖောက်ခွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ရန်ကင်းအောင်ရပ်ရှိ မြို့နယ် လဝကရုံး၌ ယနေ့ (ဇန်နဝါရီ ၇ ရက်) ၈ နာရီခန့်က NLD , CRPH , NUG ,PDF သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အစွန်းရောက် လက်နက်ကိုင် အကြမ်းဖက်သမား များ၏ လက်ချက်ဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လဝကရုံးအတွင်း ရပ်ထားသည့် ကားနှစ်စီး ပျက်စီးကာ ရုံးအဆောက်အအုံမှ တံခါးပေါက်မှန်အချို့ ကွဲကြေခဲ့ကြောင်း သတင်းများမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် ရုံးမဖွင့်သေးမီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် ပြင်ပမှလာရောက်သည့် ကားများထဲမှ ပေါက်ကွဲခြင်းမဟုတ်ဘဲ ရုံးကားတစ်စီးကို ချိန်မကိုက်မိုင်း တပ်ပေးလိုက်ခြင်းဖြစ်နိုင်သည်ဟု ကြားမိကြောင်း အနီးနေသူတစ်ဦးကဆိုသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လဝကရုံးတွင်းရှိ ကားနှစ်စီး ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ အခင်းဖြစ်နေရာတွင် ချိန်ကိုက်မိုင်းကလစ်အစများ တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment