MNP ၊ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်တွင် NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများက လူမဆန်စွာ မိမိတို့ ရွာသားအချင်းချင်း သတ်ဖြတ်မှုများ၊ နေအိမ်များမီးရှို့ဖျက်ဆီးမှုများကြောင့် NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများ၏ အန္တရာယ်ကြောင့် တိမ်းရှောင်နေရသူများကို ကယ်တင်စောင့်ရှောက်ပေးထားသည့် ကန့်ဘလူမြို့နယ်၊ မျှော်တော်ကျေးရွာမှ ဆရာတော်ဦးဝါသဝ (ငါးရာ့ငါးဆယ်ဆရာတော်) အား NLD, PDF အကြမ်းဖက်လှုံ့ဆော်သူများက မမှန်သတင်းများ ဖြန့်ဝေ၍ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။
NLD, PDF အကြမ်းဖက်အုပ်စုက တည်ထောင်ထားသည့် Infinity Group-IGGP facebook စာမျက်နှာတွင် ဆရာတော်အား ပျူ၊ စခများနှင့် ပူးပေါင်းသူဟု ရေးသားလှုံ့ဆော်ထားသည်ကို တွေ့မြင်ရသည်။
ဆရာတော်ဦးဝါသဝအနေဖြင့် မိဘ၊ ညီအစ်ကိုမောင်နှမများကို NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အတိဒုက္ခရောက်၍ တိမ်းရှောင်လာကြသည့် မိသားစုများကို စောင့်ရှောက်ပေးထားခြင်းဖြစ်သည်။
တန့်ဆည်မြို့နယ်တွင် NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ၁၀ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြပြီး ဒီဇင်ဘာ ၁၁ ရက်နေ့က စပါးရိတ်သိမ်းနေသည့် အမျိုးသား(၃)ဦးကို ရက်စက်စွာ ခေါင်းဖြတ်သတ်သွားခဲ့ကြသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment