MNP ၊ ဇန်နဝါရီ ၈
အကြမ်းဖက်ပါတီ NLD ပါတီဦးဆောင်သူများ ဖွဲ့စည်းထားသော NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ရွာကုန်းကျေးရွာရှိ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဆရာတော်၏ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ ရွာကုန်းကျေးရွာရှိ မဟာနန္ဒီမကျည်းတောကျောင်း တိုက်၌ သီတင်းသုံးနေထိုင်သည့် ကျောင်းထိုင် ဆရာတော် ဥူးခေမာသာရ(၄၈)နှစ်၊ ဝါတော်(၂၀)ဝါ နှင့် ဖခင်ဖြစ်သူ ဦးလှပြူး တို့ ၂ ဦးသည် ကျောင်းတိုက်၌ရှိစဉ် ဇန်နဝါရီ ၇ ရက် ည ၇ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် ဆရာတော်နှင့် ဖခင်ဖြစ်သူတို့အား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများအနေဖြင့် မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ၏ ရဟန်းသံဃာများကို ယခုကဲ့သို့ သတ်ဖြတ်နေမှုများအား ပြည်သူတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ် သွားကြရန်လိုအပ်ကြောင်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သံဃာတော် ၁၈ပါး အပါအဝင် အပြစ်မဲ့ (လက်နက်မဲ့) ရဟန်းရှင်လူပြည်သူ ၁၅၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး NLD အကြမ်းဖက်ပါတီသည် တိုင်းရင်းသား လူမျိုးစုများအပေါ် ကျူးလွန်ရာရောက်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment