MNP ၊ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ကျေးရွာစာသင်ကျောင်းများ မဖွင့်ရန် PDF အကြမ်းဖက်သောင်းကျန်းသူများက ခြိမ်းခြောက်စာများ ဖြန့်ဝေခဲ့ကြောင်း ကျေးရွာနေပြည်သူများထံမှ သိရသည်။
ယနေ့ ဇန်နဝါရီ ၁၂ရက်မှစ၍ စာသင်ကျောင်းများ မဖွင့်ရန် နောက်ဆုံအကြိမ်သတိပေးကြောင်း စာသားပါ ခြိမ်းခြောက်စာများကို ကူးကာကျေးရွာအုပ်စုအတွင်းရှိ ကူးကာကျေးရွာ၊ သပြုကုန်းကျေးရွာ၊ ကျော်ပင်ကျေးရွာ၊ သုံးဆယ်ပေးကျေးရွာရှိ စာသင်ကျောင်းများတွင် PDF အကြမ်းဖက်သောင်းကျန်းသူများက လာရောက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PDF အကြမ်းဖက်သောင်းကျန်းသူများသည် ကသာမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၄ရက်ကလည်း ကသာမြို့၊ အမှတ် ၃ ရပ်ကွက်၊ ပန်ပဲကုန်းရပ်ရှိ အမက(၃) မူလွန်စာသင်ကျောင်း၌ ပြည်သူရင်သွေးငယ်များ စာပေသင်ကြားနေသော ကျောင်းဆောင်၊ ကျောင်းသုံးပရိဘောဂ ပစ္စည်းများနှင့် သင်ထောက်ကူပြုစာအုပ်စာစောင်များကို ကျောင်းသား/သူများ ပညာမသင်ကြားစေရန်ရည်ရွယ်၍ PDFအကြမ်းဖက်အဖွဲ့က ညအချိန်တွင် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment