ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ အလုပ်သဘော ခရီးစဉ်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ အလုပ်သဘော ခရီးစဉ်ရောက်ရှိ











MNP ၊ ဇန်နဝါရီ  ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် အလုပ်သဘောခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်အား သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna တို့က အထူးလေယာဉ်ပေါ်၌ ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နှင့်တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့ပြင် ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ်နှင့်အဖွဲ့အား နေပြည်တော်လေဆိပ်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ မြန်မာတိုင်းရင်းသား တိုင်းရင်းသူများနှင့် ယဉ်ကျေးမှုအဖွဲ့တို့က ဂုဏ်ပြုကြိုဆိုကြသည်။

ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ပစ္စည်းများအား ကမ္ဘောဒီးယားဝန်ကြီးချုပ်က လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က လက်ခံရယူခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ် -၁၉ ရောဂါဆိုင်ရာ ကာကွယ် ရေးပစ္စည်းများမှာ Face Mask ၃ သန်း၊ N- 95 Mask ၂ သိန်း၊ Goggle တစ်သိန်း၊ PPE ဝတ်စုံ ၃ သောင်း၊ Face Shield ၃ သောင်း၊ Safety Plastic Boots PR ၃ ထောင်၊ Ventilator Machine Unit ၅၀၊ Patient Monitor + accessories Unit ၅၀၊ Oxygen Concentrator Unit ၅၀ တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဝန်ကြီးချူပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် ဒုဝန်ကြီးချူပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ စက်မူ သိပ္ပံနည်းပညာဝန်ကီး၊ ဝန်ကြီးချူပ်ရုံးဝန်ကြီးနှင့် cambodia ဖွံ့ဖြိုးတိုးတက်ရေးအတွင်းရေးမှူး၊ ဝန်ကြီးချူပ်ရုံးဝန်ကြီး၂ပါး၊ နိုင်ငံခြားရေး ဒုဝန်ကြီး၂ပါး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချူပ်နှင့် ကာကွယ်ရေးဦးစီးချူပ်(ကြည်း)၊ သံအမတ်ကြီး၊ delicate အဖွဲ့ဝင်များ ပါဝင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)