MNP - ဇန်နဝါရီ ၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ စတုတ္ထအသုတ် (Second Dose )၌ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေးကြောင်းသိရသည်။
တံတားဦးမြို့နယ်၌ ၂၀၂၂-ခုနှစ် ၊ ဇန်နဝါရီလ(၅)ရက်နေ့တွင် စတုတ္ထအသုတ် ( Second Dose ) ကာကွယ်ဆေးထိုးနှံပြီးစီးသူ အသက်(၁၈)နှစ်အထက် ဘုန်းတော်ကြီးနှင့် သီလရှင်( ၄၆ )ဦး ၊ နိုင်ငံဝန်ထမ်း (၁၇၈) ဦး ၊ အစိုးရကျန်းမာရေးဝန်ထမ်း(၃)ဦး ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း(၁)ဦး ၊ ပုဂ္ဂလိကစက်ရုံ ၊ အလုပ်ရုံဝန်ထမ်း( ၅၃)ဦး ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း( ၂၉ )ဦး၊ ပုဂ္ဂလိက ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်း(၁၃) ဦး၊ ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်(၁)ဦး ၊ သယ်ယူပို့ဆောင်ရးလုပ်ငန်း လုပ်ကိုင်သူ (၁၁)ဦး ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ( ၄၆၂၄ )ဦး ၊ စားသောက်ကုန်ပစ္စည်းရောင်းချသူ/လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင်များမှဝန်ထမ်း (၃၈ )ဦး ၊ မှီခိုနေထိုင်သူ( ၈၁၃ )ဦး ၊ စုစုပေါင်း( ၅၈၁၀ )ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်ဆေးထိုးနှံပြီးစီးကြောင်းသိရသည် ။
အဆိုပါကာကွယ်ဆေး စတုတ္ထအသုတ် (Second Dose)ထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများ ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ရှင်လူမှုရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေးထိုးစုရပ်များ၌ သတ်မှတ်ဦးစားပေး အုပ်စုများနှင့်အညီ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
သတင်း - ရဲတင့်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment