MNP - ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသေးသော ဒေသခံ ပြည်သူများအား ပန်ဖိန်းကျေးရွာအုပ်စုနှင့် ငှက်ကာကျေးရွာအုပ်စုတို့တွင် ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပန်ဖိန်းကျေးရွာအုပ်စုနှင့် ငှက်ကာ ကျေးရွာအုပ်စုရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသေးသော ရဟန်းသံဃာတော် (၇) ပါးနှင့် ဒေသခံပြည်သူ (၁၁၈) ဦး စုစုပေါင်း (၁၂၅) ဦးတို့အား ထိုးနှံပေးခဲ့ပြီး မထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဓာတ်မတည့်သည့်ဆေး ရှိ/မရှိနှင့် သွေးမတိတ်ရောဂါ ရှိ/မရှိ မေးမြန်းပြီးမှသာ မန်ကန်မြို့ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသေးသော ဒေသခံပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှဥက္ကဋ္ဌ မြို့စီမံအုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းထံမှ သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment