တန့်ယန်း၌ မြို့နယ်ကျန်းမာရေးအဆင့်မြင့်ကျောင်းထူထောင်ရေး လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်းနှင့် မြို့နယ်အဆင့် စံပြ ကျောင်းဆု ပေးအပ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်း၌ မြို့နယ်ကျန်းမာရေးအဆင့်မြင့်ကျောင်းထူထောင်ရေး လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်းနှင့် မြို့နယ်အဆင့် စံပြ ကျောင်းဆု ပေးအပ်ပွဲအခမ်းအနားကျင်းပ

 



MNP - ဖေဖော်ဝါရီ     ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်ကျန်းမာရေး အဆင့်မြင့်ကျောင်း ထူထောင်ရေး လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်းနှင့် မြို့နယ်အဆင့် စံပြကျောင်း ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မြို့နယ်ကျန်းမာရေး အဆင့်မြင့်ကျောင်း ထူထောင်ရေး လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်းနှင့် မြို့နယ်အဆင့် စံပြကျောင်း ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်သည့် ကိစ္စများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက ကျေးဇူတင် စကားပြောကြား ခဲ့သည်။

ယင်းနောက် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းများမှ မြို့နယ်အဆင့် စံပြကျောင်းဆု ရရှိခဲ့ကြသော အထက်တန်းဆင့်/ အလယ်တန်းဆင့်/ မူလတန်းဆင့် ကျောင်း များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူ အသီးသီးတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ် ချီးမြှင့် ခဲ့ကြသည်။

အခမ်းနားအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းအုပ်ကြီးများက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်အား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 

သတင်း - မင်းလွင်ဦး

မြန်မာနေရှင်နယ်ပို့စ်


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)