Pages

Pages

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ကွမ်းဖလားကျေးရွာနှင့် ပွင့်လင်းတဲတိုက်သို့ သောက်သုံးရေ ၂၄၀၀ဂါလံ လှူဒါန်း


MNP - ဖေဖော်ဝါရီ     ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ကွမ်းဖလားကျေးရွာနှင့် ပွင့်လင်း တဲတိုက်သို့ ဖေဖော်ဝါရီ ၂၈ရက်၊နေ့ခင်း ၂နာရီအချိန်က သောက်သုံးရေ ဂါလံ ၂၄၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ကွမ်းဖလားကျေးရွာအတွက် သောက်သုံးရေ ဂါလံ ၁၆၀၀လှူဒါန်းပေးခြင်း၊ ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ် ပွင့်လင်းတဲတိုက်အတွက် သောက်သုံးရေ ၈၀၀ ဂါလံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ လိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများ အတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် ကွမ်းဖလားကျေးရွာနှင့် ပွင့်လင်းတဲတိုက် အတွက် ၂၄၀၀ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၉၂၂၀၀ ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်နေသော ကျေးလက် ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق