မိုင်းဖြတ်မြို့နယ်၌ မြို့နယ်အဆင့် ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှုသင်တန်း ဆက်လက်ဆွေးနွေးပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ မြို့နယ်အဆင့် ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှုသင်တန်း ဆက်လက်ဆွေးနွေးပို့ချ


MNP - ဖေဖော်ဝါရီ   ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၊ (မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ဆက်လက်ဆွေးနွေးပို့ချလျက်ရှိကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့ နယ်ပညာရေးမှူးများဖြစ်ကြသည့် ဦးဇော်ဝင်းနိုင်နှင့် ဦးစိုင်းလောင်ခေးတို့ကကျောင်း၏ လိုအပ်ချက်နှင့် ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက်  နည်းပြဆရာမ ဒေါ်ခင်ခင်စိန်က သင်တန်းကိုဆက်လက်ဆွေးနွေးပို့ချခဲ့ရာ ယနေ့တွင် စီမံ၊ ဘဏ္ဍာ၊ ပညာ၊ ကွန်ပျူတာ(ICT) စသည့် ဘာသာ ရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး တစ်လလျှင်   တစ်ကြိမ်နှုန်းဖြင့် လကုန်ရက်နေ့တွင်   ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ သင်တန်းသား(၉၀)ဦးခန့် တက်ရောက်ကြသည်။ ယင်းသင်တန်းဖွင့်လှစ်ရခြင်းမှာ ကျောင်းဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် မိမိလက်အောက်ဝန်ထမ်း ဆရာ၊ ဆရာမများ ကို အောင်မြင်သော အသင်းအဖွဲ့ပုံစံဖြင့် စီမံဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - သန်းထွန်းအေး

မြန်မာနေရှင်နယ်ပို့စ်


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)