MNP ၊ မတ် ၃၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ညနေ(၁၅ ၀၀)ချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားမန်ကရာတေးဒိုအသင်းတို့ ပူးပေါင်း၍ လူငယ်လူရွယ်များကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်များကိုအချိန်အကျိုးရှိစွာအသုံးချတတ်စေရေး၊ ရန်သူများအားခုခံနိုင်စွမ်းနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံ ကရာတေးဒိုသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင်သင်တန်းနည်းပြအဖြစ် လူငယ်များအကျိုးအတွက်လမ်းပြပေးနေသူ နည်းပြဦးအောင်သိန်းက အနာဂတ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်သောကိုယ်ခန္ဓာဖြင့်ကောင်းမွန်သော အနာဂတ်တွင်တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်နိုင်စေရန်၊ အကျိုးရှိသူများဖြစ်ကာ လမ်းမှားမရောက်စေရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကို နေရာသုံးနေရာခွဲ၍ ဖွင့်လှစ်လျှက်ရှိပါကြောင်း၊ မိမိတို့နှင့်ပူးပေါင်းဆောင်ရွက်ပေးသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကိုလည်း ကျေးဇူးတင်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသားသင်တန်းသူ(၄၅)ဦးတက်ရောက်သင်ကြားပြီး သင်တန်းကာလမှာမတ်လ(၃၀)ရက်နေ့မှ ဧပြီ(၃၀)နေ့ထိ တစ်လတာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်ကြယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment