MNP - မတ် ၃၁
မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကြည်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်အကျဉ်းဦးစီးဌာန ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေးခြင်း၊ မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ လက်တွေ့လေ့ကျင့်ပေးခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ ရုံးဝင်းအတွင်း၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးက မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးဘေး အန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့် အကြောင်းအရာများ စသည်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အကျဉ်းဦးစီးဌာနဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်း၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ် သရုပ်ပြသခြင်းများ ဆောင်ရွက်၍ အကျဉ်းဦးစီးဌာန ဝန်ထမ်းများအား လက်တွေ့ပြုလုပ် ဆောင်ရွက်ခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ခင်လေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment