MNP - မတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ဆင်နွဲနိုင်ရေးအတွက် မတ်လ(၃၀)ရက် နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်/ကျေးရွာ များအလိုက် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ပြီး ပျော်ရွင်စွာ ရေကစားခြင်း၊ ဖျော်ဖြေ ရေးမဏ္ဍပ်များတွင် ယိမ်းအကအဖွဲ့များ ပါဝင်ဖျော်ဖြေခြင်းနှင့် သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် ပြည်သူများ စည်စည်ကားကား ဆင်နွှဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေး ကြရန် ဆွေးနွေးခဲ့ကြသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြိတ်မြို့၌ အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ကျင်းပသွားမည်ဖြစ်ကာ ဖျော်ဖြေရေး မဏ္ဍပ်များအပြင် ရပ်ကွက်/ကျေးရွာများအတွင်း ရေကစားမဏ္ဍပ်များ၊ မြူးမြူးကြွကြွ သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့် ပြည်သူများ အေးချမ်းပျော်ရွင်စွာ ဆင်နွှဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ခိုင်ထူး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment