MNP ၊ မတ် ၁၄
သထုံခရိုင် ၊ ဘီးလင်းမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများ အရည်အသွေးမြင့်မားစေရေး ရုံးတွင်း စာဖတ်ဝိုင်းကို မတ် ၁၄ ရက် နံနက်(၁၀)နာရီက လူထု အခြေ ပြုဗဟိုဌာန Community Centre ခန်းမ ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဘီးလင်းမြို့နယ် ရုံးမှမြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံ က ဝန်ထမ်းများ အရည်အသွေးမြင့်မားလာစေရန် လေ့ကျင့်ပညာပေးခြင်း အနေဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်း က ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ အခန်း(၁)၊ ရုံးလုပ်ငန်းသဘောတရားခေါင်းစဉ်မှ အချက်(၁၀)ချက်ကို ဖတ်ကြားဆွေးနွေးရာ ဝန်ထမ်းများက တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment