၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယရက်မြောက်နေ့တွင် ကျောင်းသားပေါင်း 280,000 ကျော် ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယရက်မြောက်နေ့တွင် ကျောင်းသားပေါင်း 280,000 ကျော် ဖြေဆိုလျက်ရှိ

 






MNP - ဧပြီ   ၃

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တတိယနေ့ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ကျောင်းသား ၂၈၁,၂၄၉ ဦးဖြင့် သင်္ချာဘာသာရပ် ဖြေဆိုလျက် ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ပညာရေးဝန်ကြီးဌာနသည် နိုင်ငံခြား စာမေးပွဲဌာန ၂၀ နှင့် ပြည်တွင်း စာမေးပွဲ စင်တာပေါင်း ၁၂၃၈ ခု ဖွင့်လှစ်ခဲ့သည်။ ပညာရေးဝန်ကြီးဌာန၏ အဆိုအရ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား ၃၁၂,၄၂၄ ဦးအနက် ကျောင်းသား ၂၈၁,၂၄၉ ဦးသည် သင်္ချာဘာသာရပ်ကို ဖြေဆိုလျက်ရှိသဖြင့် စာမေးပွဲဖြေဆိုသူ ၉၀ ဒသမ ၀၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)