ကျွန်းလှ၌ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကော်မတီဝင်များ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှ၌ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကော်မတီဝင်များ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ

 



MNP - ဧပြီ    ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကော်မတီဝင်များ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေခြင်းနှင့် သင်တန်းဖွင်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းပို့ချသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း‌ ကော်မတီဝင် သင်တန်းသူ မပန်းနုဝေက စီမံကိန်းဆောင်ရွက်ပေးခြင်းနှင့် သင်တန်းဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ သင်တန်းတွင် တိရိစ္ဆာန်မွေးမြူထုတ်လုပ်ရေးသင်တန်း၊ ဖိနပ်ချုပ်နည်းနှင့် အခမ်းအနားမှူး သင်တန်းပို့ချခဲ့ပြီး သင်တန်းသူ ၁၀ ဦးတက်ရောက်၍ သင်တန်းကာလမှာ ၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်း - မျိုးဝင်းညို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)