MNP - ဧပြီ ၃
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစားနည်း စနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေး တိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့ အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး၊ သင်တန်းတွင် ထူးချွန်သည့် သင်တန်းသားများနှင့် သင်တန်းနည်းပြများ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါ နွေရာသီအခြေခံ အားကစားသင်တန်းကို မတ်လ ၂၄ ရက်မှ ဧပြီ ၂ ရက်နေ့အထိ ဘောလုံး၊ ခြင်းလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်စသည့် အားကစားနည်းများ၏ အခြေခံ နည်းစနစ်များကို သင်ကြားပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment