ကိုလံဘို၊ ဧပြီ ၃၀
သီရိလင်္ကာနိုင်ငံ ကိုလံဘို စားသုံးသူဈေးနှုန်းညွှန်းကိန်းတွင် တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲမှုဖြင့် တိုင်းတာထားသော ငွေကြေးဖောင်းပွမှုမှာ ဧပြီလ၌ ၂၉.၈ ရာခိုင်နှုန်းအထိ တိုးလာကြောင်း ဗဟိုဘဏ်က ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ ငွေကြေးဖောင်းပွမှု တိုးမြင့်လာခြင်းသည် လစဉ် စားသောက်ကုန်နှင့် စားသောက်ကုန်မဟုတ်သော အမျိုးအစားနှစ်ခုလုံး ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဧပြီလတွင် စားသောက်ကုန်ငွေကြေးဖောင်းပွမှုသည် ၄၆.၆ ရာခိုင်နှုန်းသို့ ခုန်တက်လာခဲ့ပြီး စားသောက်ကုန်မဟုတ်သောအမျိုးအစားများငွေကြေးဖောင်းပွမှုသည် ၂၂.၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
စားသောက်ကုန်မဟုတ်သော အမျိုးအစားများရှိ ကုန်စည်ဈေးနှုန်းများမှာ သယ်ယူပို့ဆောင်ရေး၊ ရေ၊ လျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့စသည့် ကဏ္ဍများတွင် ဈေးနှုန်းမြင့်တက်မှုကြောင့် အဓိကဖြစ်ကြောင်း၊ စားသောက်ကုန်အမျိုးအစားရှိ ကုန်စည်ဈေးနှုန်းများမှာမူ အစားအသောက်ကုန်စည်အမျိုးအစားဖြစ်သော နို့မှုန့်၊ ဆန်၊ ပေါင်မုန့်၊ ပဲ၊ သကြားနှင့် ငါးခြောက်များလည်း ယခုလအတွင်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံသည် မကြာသေးမီက တစ်ဟုန်ထိုးမြင့်တက်လျက်ရှိသော ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် အတိုးနှုန်းကို မြှင့်တင်ခဲ့သည်။
Ref : (ဆင်ဟွာ)
https://t.me/MyanmarNationalPost
No comments:
Post a Comment