MNP - ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ သိုလှောင်ရုံ၊ သိုလှောင်ကန်များ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ စက်ရုံ၊အလုပ်ရုံများတွင် မီးဘေးလုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ ကို ယမန်နေ့ နေ့လယ်၁၁နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ထိုသိုစစ်ဆေးရာတွင် သီလဝါပြည်တွင်းစက်မှုဇုန် မြေကွက်အမှတ်(၁၅၇၊ ၁၅၈) မြတောင်ဝန်ကြီးဦးမှိုလမ်းရှိ United Pacific Co,Ltd တွင် မီးဘေးလုံခြုံရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထိုသို့စစ်ဆေးရာတွင် မီးသတ်ဆေးဘူးများ ထားရှိခြင်း ရှိ/မရှိ၊ မီးသတ် ဆေးဗူးများ အသုံးပြု၍ ရ/မရ ၊သက်တမ်းလွန်ခြင်း ရှိ/မရှိ၊ မီးဘေးလုံခြုံရေးစနစ်ရှိ/မရှိ၊ မီးချိပ်မီးကတ်၊ သဲပုံးရေးပုံး၊လှေကားနှင့် အခြားမီးငြှိမ်းသတ်ရာတွင် အသုံးပြနိုင်မည့် ပစ္စည်းများ အလွယ်တကူ ရယူအသုံးပြနိုင်ရန် ထားရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် သရုပ်ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုမဖြစ်ပွားစေရေးအတွက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ အစိုးရဌာနပိုင် အဆောက်အဦများအား ဦးစားပေး(၁)အဖြစ် လည်းကောင်း၊ စက်ရုံ၊အလုပ်ရုံ၊သိုလှောင်ရုံများ၊ ဈေးများ၊ ဟိုတယ်မိုတယ်များနှင့် မီးဘေးစိုးရိမ်ရသော နေရာများအား ဦးစားပေး(၂)အဖြစ်လည်းကောင်း၊ လူနေရပ်ကွက်များ ရှိနေအိမ်များအား ဦးစားပေး(၃)အဖြစ်လည်းကောင်း သတ်မှတ်၍ မီးဘေး လုံခြုံရေး ဆိုင်ရာများကို စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - အိသန္တာချို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment