ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်း (၆)မျိုး အခမဲ့ဖွင့်လှစ်သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်း (၆)မျိုး အခမဲ့ဖွင့်လှစ်သင်ကြားပေး



MNP - ဧပြီ     ၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များအချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ၊ ဧပြီ(၁)ရက်နေ့ နံနက် (၉)နာရီက ကလေးငယ်များ ပျော်ရွှင်စွာသင်ကြားလေ့ကျင့်နေကြောင်း သိရသည်။

ညောင်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီအခြေခံအားကစား သင်တန်းများအဖြစ် ၊ ဘောလုံး၊ မြန်မာ့သိုင်း၊ ဝူရှုး(ဆန်းဆို)၊ ဘော်လီဘော၊ရိုးရာခြင်းလုံးနှင့် Phycial Fitness Dance အားကစားနည်း(၆)မျိုးကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်းသိရသည်။ ကျွန်မတို့ ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေနဲ့ ကျောင်းသားကျောင်းသူတွေ နွေရာသီကာလမှာ အချိန်ကိုအကျိုးရှိရှိ အသုံးပြုတတ်စေဖို့နဲ့ အားကစားနဲ့ကာယပညာကိုစိတ်ဝင်တစားနဲ့ လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့်ကောင်း တွေရရှိအောင် ကျွန်မတို့အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဖွင့်လှစ်သင်ကြားပေးနေခြင်း ဖြစ်ပါတယ်။

စတင်ဖွင့်လှစ်သင်ကြားပေးတာကတော့ ဧပြီ (၁) ရက်နေ့ ယနေ့စတင်ဖွင့်လှစ်ပေးတာပါ ကလေးတွေကတော့ တဖြေးဖြေးနဲ့ စိတ်ဝင်စားပြီး ပိုမိုများပြား လာပါတယ် အခုဆိုရင် သင်တန်းသားစုစုပေါင်း(၂၀၀)ဦးလောက်ရှိနေပါပြီ Phycial Fitness Dance အားကစားနည်း ကိုတော့ ကျွန်မတို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ ပူးပေါင်းဖွင့်လှစ်နေတာ ဖြစ်ပြီး လောလောဆယ်တော့ ကျွန်မတို့အားကစားကွင်းမှာပဲ လူစုံအောင် လေ့ကျင့်သင်ကြား ပေးနေပါတယ် နောက်ရက်တွေမှာတော့ ပြန်/ဆက်ရုံးခန်းမမှာ သွားရောက်လေ့ကျင့်ကြမှာ ဖြစ်ပါတယ်ဟု ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေးက ပြောပါသည်။

အဆိုပါ အားကစားနည်း(၆)မျိုး အနက် ဘောလုံးအားကစား၊ ဝူရှုးအားကစားနှင့် Phycial Fitness Dance တို့ကို နေ့စဉ်နံနက်ပိုင်း(၉)နာရီမှ(၁၀:၃၀)နာရီအထိ လည်းကောင်း၊ မြန်မာ့သိုင်း၊ ဘောလုံး၊ ဘော်လီဘော၊ ရိုးရာခြင်းအားကစားနည်းများကို ညနေ ပိုင်းတွင် (၃း၃၀)နာရီမှ ညနေ(၅)နာရီအထိလည်းကောင်း၊ နည်းပြများဖြင့် စနစ်တကျ သင်ကြား ပေးနေခြင်းဖြစ်ကြောင်းနှင့် အဆိုပါအားကစားသင်တန်းများကို သင်တန်းသားစုစုပေါင်း(၂၀၀)ဦး တက်ရောက်လျက်ရှိပြီး၊ သင်တန်းကာလမှာ ဧပြီလ(၁)ရက်နေ့ အထိ (၁၅)ရက်ဖြစ်ကြောင်း သိရပြီး အဆိုပါသင်တန်းများအား ညောင်ဦးခရိုင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)