MNP - ဧပြီလ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က အသင်းဝင်များ အနေဖြင့် နှစ်စဉ်ထုတ်ဝေသည့် ဥက္ကလာပမဂ္ဂဇင်းအတွက် ကဗျာ၊ ဆောင်ပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားကြရန်နှင့် စာပေဝါသနာရှင်များအား ဖိတ်ခေါ်ရန်၊ ဘဏ္ဍာရေးမှူးအနေဖြင ငွေကြးဆိုင်ရာ ကိစ္စရပ်များအား ရှင်းရှင်းလင်းလင်း ဆောင်ရွက်ထားရှိရန်၊ ယခုလအတွင်း ပြန်/ဆက်နှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး စေလိုကြောင်း၊ မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် ရန်ပုံငွေများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အစည်အဝေးကို မပျက်မကွက် တက်ရောက်ပေးစေလိုကြောင်း စာပေနှင့် ပတ်သက်သည့် လုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူ အဖွဲ့ဝင်များ ကလည်း အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - မြမြဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment