MNP - ဧပြီ ၃
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ အလယ်တန်း/အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်ခြင်းကို ဧပြီ(၁)ရက်နံနက်(၉)နာရီက ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကျောင်းသား/ကျောင်းသူ(၃၃)ဦး တက်ရောက်သင်ကြားလျက်ရှိရာ ဧပြီ(၃)ရက် နံနက်(၉)နာရီက သင်တန်းတတိယနေ့တွင် သင်တန်းနည်းပြ ဆရာကြီး/ဆရာမကြီး(၂)ဦးက ဖွင့်ဆိုရှင်းပြ ရေးနည်း၊ ကျိုးကြောင်းပြရေးနည်း၊ သရုပ်ဖော်ရေးသားနည်းနှင့် ဖြစ်စဉ်ပြရေးသားနည်း များကို သင်ကြားပို့ချပေးလျက်ရှိရာ အလယ်တန်း/အထက်တန်းဆင့် စာစီစာကုံးရေးသားနည်း သင်တန်းကို ဧပြီ(၁)ရက်မှ (၇)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဇော်ထက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment