ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ နွား(၅၁၀)ကောင်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ နွား(၅၁၀)ကောင်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

 


MNP - ဧပြီ   ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေသခံ တောင်သူများမွေး မြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ အချိန်မှန်မှန် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ ညနေပိုင်းထိ နွား(၅၁၀)ကောင်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများကို ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုး နှင့် ဒေါက်တာဆုပိုင်မြင့်ဦးတို့ ဦးဆောင်ပြီး တိရစ္ဆာန်ကျန်းမာရေး အကူလုပ်သားများ ပူးပေါင်းကာ ရှောက်ဝကျေးရွာတွင် နွား(၈၈)ကောင်၊ ပေါင်းကလေးကျေးရွာတွင် (၁၂၅)ကောင်၊ အောင်ပင်လယ်ကျေးရွာတွင် (၅၇)ကောင်၊ လေးအိမ်စု ကျေးရွာတွင် (၁၉၀)ကောင်နှင့် ညောင်ကိုင်းကျေးရွာတွင် (၅၀)ကောင် စုစုပေါင်း နွား (၅၁၀)ကောင်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကျွဲ၊နွားများတွင် ဖြစ်ပေါ်တတ်သော ရောဂါများ၊ စနစ်တကျ မွေးမြူနည်းနှင့် အာဟာရ ညီညွတ်မျှတစွာ ပါဝင်သော အစားအစာကို လုံလောက်စွာ ကျွေးမွေးရန်နှင့် ကူးစက်ရောဂါကာကွယ် ထိန်းချုပ်နည်းဆိုင်ရာ အကြောင်းအရာများကိုလည်း တောင်သူများအား အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - မယု

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)