ခင်ဦးမြို့၌ နိုင်ငံသားကတ်(မှတ်ပုံတင်) အကြောင်း သိကောင်းစရာ ( Talk Show) အစီအစဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခင်ဦးမြို့၌ နိုင်ငံသားကတ်(မှတ်ပုံတင်) အကြောင်း သိကောင်းစရာ ( Talk Show) အစီအစဉ်ဆောင်ရွက်



MNP ၊ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းပြီး နိုင်ငံသားကတ်(မှတ်ပုံတင်) အကြောင်း သိကောင်းစရာ ( Talk Show) အစီအစဉ်ကို မတ်လ ၃၁ ရက်နေ့က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (Talk Show)အစီအစဉ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းသန်းက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကစတင်ပြီး ခရီးသွားလာရာတွင် လည်းကောင်း၊ တည်ခိုနေထိုင်ရာတွင်လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်)ရရှိကိုင်ဆောင်ခြင်းအားဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးရရှိပြီး လူမှုဘဝပြည့်စုံမှာ ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့ကစတင်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက် နေ့ထိ နိုင်ငံတစ်ဝန်းလုံး နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - စိုးဝေအောင်(ခင်ဦး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)