MNP - ဧပြီ ၃
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်အားကစား Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက Talk Show ကျင်းပဆောင်ရွက်ပေးရခြင်း ရည် ရွယ်ချက်များကို ဆွေးနွေးပြောကြားပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ယနေ့လူငယ်များအနေဖြင့် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်မှု နည်းပါးလာတာတွေ့ရှိရကြောင်း၊ မိမိတို့နှစ်သက်ရာ အားကစားများကို လှုပ်ရှား ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးကြောင်း ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ရဲ့ရည်မှန်းချက်များ အောင်မြင်လာမှာဖြစ်ကြောင်း စသည်ဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုတများရရှိစေရန် စာအုပ်/ စာစောင်များ အခမဲ့ငှာရမ်းခြင်း၊ Talk Show များစဉ်ဆက် မပြတ်ဆောင်ရွက်ခြင်း၊ ကလေးငယ်များအား ပြပွဲ/ ပြိုင်ပွဲများကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဇော်မြင့်နိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment