တမူးမြို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောပွဲပြုလုပ်



MNP - မေ   ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မေလ(၄)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က စာသုံးသူ ကာကွယ်ရေးဥပဒေ အကြောင်း ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် တမူးမြို့နယ် စားသုံးသူရေရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစွမ်းရည်က စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူများ၏ အခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ပါရှိရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များ ကိုပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးရောင်း၊ ဈေးဝယ်သူများ စိတ်ပါဝင်စားသည့် ပြည်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

သတင်း - ရတနာ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)