MNP - မေ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ် ဦးစီးမှူး ဒေါ်အေးအေးခိုင်က စားသုံးရန်မသင့်သော အစားအစာ များနှင့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသား၊ ပါဝင်မှုအလေးချိန်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ခင်ခင်မာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment