MNP - မေ ၄
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ရမ်းဗြဲမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါနွေရာသီအခြေခံ အားကစားသင်န်းဆင်းပွဲတွင် ကျောက်ဖြူခရိုင်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ လက်ထောက်ညွန်ကြား ရေးမှူး ဒေါ်ဖြူဖြူဝေက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် အားကစားဆိုသည်မှာ ခွန်အားကိုအသုံးပြုပြီး ဉာဏ်နှင့်ကစား ရသောအရာ ဖြစ်တဲ့အတွက် ကျန်မာကြံ့ခိုင်ရန် လိုအပ်ကြောင်း လူငယ်များသိရှိထားရန်အတွက် အားကစားတွင် (၄)မျိုးဖြစ်သော လူထုအားကစား၊ ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစားနှင့် အပန်းဖြေ အားကစားတို့ဖြစ်ကြောင်းတို့ကို ရှင်းပြောကြားသည်။ ယခု သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် လူငယ်များအနေဖြင့် နောက်နောင်တွင် အားကစားသင်တန်းများ ဖွင့့််လှစ်ပါက မိမိတို့နှစ်သက်ရာ အားကစားကို တက်ရောက်ကြဖို့အတွက်လည်း ဖိတ်ခါ်ပါကြောင်းနှင့် သင်တန်းတက်ရောက် ကြသူများကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားပြီး သင်တန်းသား သင်တန်းသူများအား သင်တန်းဝတ်စုံများပေးအပ်ခဲ့ပါသည်။
၎င်းနောက် သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး နောက် FitnessDance သင်တန်းကိုတက်ရောက်ကြသူ များမှ အေးရိုးဗစ်(Fitness Dance)ကကွက်ဖြင့် ကပြခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
သတင်း - အောင်နိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment