MNP - မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုဘဝများ ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာလှိုင်ဖုန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်စွာမြင့်က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျေးရွာများမှ သင်တန်းသား (၃၀)ဦး တက်ရောက်လျက်ရှိပြီး၊ သင်တန်း ကာလမှာ ၂၀၂၂ ခုနှစ် မေလ (၂) ရက်နေ့မှ (၃၀) ရက်နေ့အထိ အခြေခံ လက်သမား၊ ပန်းရံ ပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - အေဇာလင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment