MNP - မေ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)လမှ အသက်(၁) နှစ်ခွဲအောက် ပုံမှန် ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးခြင်းလုပ်ငန်းများကို မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပိုလီယိုနှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျော ရောဂါ(ရိုတာ) ကာကွယ်ဆေးများ တိုက်ကျွေးခြင်းနှင့် ပြင်းထန်တီဘီရောဂါကာကွယ်ဆေး(ဘီစီဂျီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ ( ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေးများကို ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများအဖြစ် မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် လစဉ် လဆန်း ၃ ရက်နေ့ ရုံးဖွင့်ရက်တိုင်းနှင့် ကျေးရွာစုရပ် များတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သတင်း - ဝင့်နန္ဒာဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment