MNP ၊ မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း မေ ၁ ရက်တွင် လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထောင့်တကာကျေးရွာ၊ ရှောက်ကုန်းကျေးရွာနှင့် သက္ကယ်ကုန်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ လူနေအိမ် ၃ လုံး အမိုးလန်ပျက်စီး၍ နေအိမ် ၂ လုံးပြိုကျပျက်စီးခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လဲကျနေသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဖယ်ရှားခြင်းနှင့် လိုအပ်သော ကူညီရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ အမိုးလန်ပျက်စီးခဲ့သည့် ထောင့်တကာကျေးရွာရှိ စတုဘုမ္ဘီက မဟာသတိပဋ္ဌာန်းကျောင်းတိုက်နှင့် သက္ကယ်ကုန်းကျေးရွာရှိ အေးမေတ္တာလှိုင်ကျောင်း တိုက်များသို့ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း၍ လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးကာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၅)ပုံးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment