မင်းလှမြို့ ရုံးရပ်တောင်ရပ်ကွက်၊ ဦးကင်းဘုရားဓမ္မာရုံ၌ သတ္တမကြိမ်မြောက် မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့ ရုံးရပ်တောင်ရပ်ကွက်၊ ဦးကင်းဘုရားဓမ္မာရုံ၌ သတ္တမကြိမ်မြောက် မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 



MNP - မေ   ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ ရုံးရပ်တောင်ရပ်ကွက် ဦးကင်းဘုရားဓမ္မာရုံ၌ သတ္တမ ကြိမ်မြောက် မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ ည နေ ၅ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မဟာစည်ကျောင်းတိုက် ဆရာတော် ဦးဇနက အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ပဌာန်းကျမ်းမြတ် ရွတ်ဖတ် ပူဇော်ပွဲအတွက် လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ထို့နောက် ပဌာန်းသိမ်းအောင်ပွဲသို့ ကြွရောက်လာသည့် ဆရာတော် သံဃာတော်များအား၊ ရပ်ကွက် အသီးသီးမှ စေတနာရှင်အလှူရှင်များက ဆွန်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ဝတ္ထုငွေနှင့် လှူဖွယ် ပစ္စည်းများအား လောင်းလှူခဲ့သည်။

အဆိုပါ ပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ရုံးရပ်တောင်ရပ်ကွက်၊ ဦးကင်းဘုရား ဓမ္မာရုံတွင် ရပ်ကွက်နေ ပြည်သူများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်ခြင်းဖြစ်ရာ၊ မဟာပဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ငါးရက်တိုင် ရွတ်ဖတ် ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)