ဓနုဖြူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ ပျက်စီးသွားသည့် ကျေးရွာများသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ ပျက်စီးသွားသည့် ကျေးရွာများသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်

 


MNP - မေ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ ပျက်စီးသွား သည့် ကျေးရွာများသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက်က ကွင်းဆင်းဆောင်ရွက် ၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် ကျေးရွာများသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ချိုဦး ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးဌေးမောင်၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များက ကွင်းဆင်းခဲ့ပြီး ပျက်စီးသွားသည့်နေအိမ်များအား ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သတင်း - အေးအေးအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)