သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်


MNP - မေ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က အမှတ်(၆)ရပ်ကွက်၊ အ.ထ.က(၁)ကျောင်း မြတ်ပညာခန်းမတွင် ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ ခရိုင်ဘေးစီမံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်ရူဘီစိုး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့်ပြည်သူများ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ‌ထွေးမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ဘေးစီမံဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်ရူဘီစိုးမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် တက်ရောက်လာသူများမှ လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - အောင်ခိုင်၊အောင်မြင့်မြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)