MNP - မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဒေသန္တရ ကျန်းမာရေး ဌာနများဖြစ်သည့် ၃၆၊ ၄၈၊ ၅၀ ဒေသန္တရကျန်းမာရေးဌာနများတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ ဆေးလာရောက်ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက် ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေပြီး အသက်(၁)နှစ် ခွဲအောက်ကလေးများကို ကိုယ်အလေးချိန်တိုင်း တာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင် အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့်ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့သည်။
ထိုသို့ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်များအား လစဉ်လတစ်လ၏ ပထမပတ်တွင် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် နို့တိုက်မိခင်များကိုလည်း ကာကွယ်ဆေးများတစ်ပါတည်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - မြင့်မြင့်ရီ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment