MNP ၊ မေ ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအောင်သက်ဦး ဒုတိယညွှန်ကြားရေးမှူး၊ ဦးနေ မင်းထွန်း လက်ထောက်ညွှန်ကြားရေးမှူးနှင့်အဖွဲ့ အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးညီညီလက် ထောက်ညွှန်ကြားရေးမှူး၊ ဦးကျော်ဌေးလွင်မြို့နယ် တာဝန် ခံအင်ဂျင်နီယာ နှင့်ရုံးအဖွဲ့တို့လိုက်ပါ ၍ ယနေ့ နံနက် ၉ နာရီအချိန်က အမ်းမြောက်ကျေးရွာ အုပ်စု၊ ရွာသာ ယာ ကျေးရွာ၌ရေပိုက်လှဲလှယ်ခြင်းလုပ်ငန်းပြီးစီးမှုအားကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါကျေးလက်ရေပေးဝေရေးလုပ်ငန်း မှာ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာ ရေးနှစ်၊ပြည်ထောင်စု (မွမ်းမံ)ခွင့်ပြုချက် ရန်ပုံငွေကျပ် (၁၉.၈၇၃) သန်း ဖြင့် အမ်းမြောက်ကျေးရွာအုပ်စုရွာသာယာကျေးရွာ ၌ ရေပိုက်လှဲလှယ်ခြင်း( ၁/ဝ)မိုင် ဆောင်ရွက်ခြင်း (၁၀၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ အား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment