MNP - မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/မြို့နယ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ခရိုင်မီးသတ်ဦးစီးအမှူး ဦးအောင်ခင်ဆင့်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသူရလင်းနှင့် တာဝန်ရှိသူများက သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၂၂) ဦးတို့၏ စုပေါင်းသွေး လှူဒါန်းနေမှုကို ကြည်ရှုအားပေးပြီး သွေးလှူဒါန်းသူများအား ခွန်အားပြည့်အစားအစာများ၊ ဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment