ကန်ကြီးထောင့်မြို့၌‌ မွေးမြူရေးလုပ်ကိုင်သော ကျေးရွာနေပြည်သူများအတွက် အခြေခံ မွေးမြူရေးပညာပေး သင်တန်းဖွင့် လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့၌‌ မွေးမြူရေးလုပ်ကိုင်သော ကျေးရွာနေပြည်သူများအတွက် အခြေခံ မွေးမြူရေးပညာပေး သင်တန်းဖွင့် လှစ်ပေး

 


MNP - မေ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျေးရွာ များရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သော ပြည်သူများအတွက်  အခြေခံမွေးမြူရေးပညာပေး သင်တန်းကို ယနေ့နံနက် ၁၁နာရီက ကွင်းယားကြီးကျေးရွာရှိ ရွှေကွင်းသာယာ ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သိန်းဆွေဦးက မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သော ပြည်သူများအနေဖြင့် အခြေခံမွေးမြူရေး နည်းစနစ်များ သိရှိနိုင်ရန်နှင့် တိရစ္ဆာန်များတွင် ဖြစ်တတ်သည့် ရောဂါများကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်မိုးက စိုက်ပျိုးရေးနှင့် ပတ်သက်သော အကြောင်းအရာများနှင့် တိရစ္ဆာန်များ မှတစ်ဆင့် မိမိတို့ လယ်ယာများအတွက် အထောက်အကူပြုပုံများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်းစိုးက အခြေခံ မွေးမြူရေးပညာပေး အကြောင်းအရာများနှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ များအား မွေးမြူရေးလုပ်ကိုင်သော ကျေးရွာနေပြည်သူများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းအား ယနေ့မှစ၍ ၂ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ကျေးရွာများမှ မွေးမြူရေးလုပ်ကိုင်သူ သင်တန်းသား သင်တန်းသားသူ ၂၀ ဦး တက်ရောက်ခဲ့ကြသည်။

သတင်း - လှမင်းထွဋ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)