တပ်ကုန်းမြို့၌ အစိုးရစမ္မာစရိယစာမေးပွဲတွင် ကြီးကြပ်ဆရာတော်ကြီးများနှင့်စာဖြေ သံဃာများ/ သီလရှင်များအား ဗိုလ်မင်းရောင်ရပ်ကွက် စေတနာရှင်ပြည်သူများက ဆွမ်းဆက် ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ အစိုးရစမ္မာစရိယစာမေးပွဲတွင် ကြီးကြပ်ဆရာတော်ကြီးများနှင့်စာဖြေ သံဃာများ/ သီလရှင်များအား ဗိုလ်မင်းရောင်ရပ်ကွက် စေတနာရှင်ပြည်သူများက ဆွမ်းဆက် ကပ်လှူဒါန်း



MNP - မေ   ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော၂၀၂၂ခုနှစ်၊အစိုးရဓမ္မာစရိယစာမေးပွဲကျင်းပပြုလုပ်လျက်ရှိရာ စာမေးပွဲတွင် ပါဝင်သည့် ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာ/သီလရှင်များကိုတပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်တို့က ကြီးကြပ်ပြီး ဗိုလ်မင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်ရပ်ကွက်စေတနာရှင်ပြည်သူများ စုပေါင်း၍ ယနေ့နံနက် နံနက်ပိုင်းက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးတွင် နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊အစိုးရဓမ္မာစရိယစာမေးပွဲ (သီလက္ခန္ဓဝဂ္ဂ-၁)ဘာသာရပ်တွင်  စာရင်းရှိ စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၂၃၇)ပါး၊ ဝင်ရောက်ဖြေဆို  ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၂၀၂)ပါး၊ ပျက်ကွက်ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၃၅)ပါး၊ ဖြေဆိုသည့်ရာခိုင်နှုန်း(၈၅.၂၃)ဖြစ်ပြီး၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ တို့တွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ရက်အလိုက် ဆွမ်း၊ ဘောဇဉ်နှင့်အအေးများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)