မအီမြို့တွင် လောကမာရ်အောင်စွယ်တော်မြတ်စေတီတော် ထီးတော်တင်မင်္ဂလာအခမ်းအနားပူဇော် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် လောကမာရ်အောင်စွယ်တော်မြတ်စေတီတော် ထီးတော်တင်မင်္ဂလာအခမ်းအနားပူဇော် ကျင်းပ








MNP ၊ မေ  ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊  စစ်ခေါ်တောင်တည်ရှိရာ စစ်ခေါ်ကွင်းအရပ်၌ တည်ထားကိုးကွယ်သည့် မာရ်ငါးပါးစေတီတော်များအနက်မှ လောကမာရ်အောင်စွယ်တော်မြတ် စေတီတော် ထီးတော်တင်မင်္ဂလာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ထီးတော်တင်ပူဇော်ခြင်းကို ကဆုန်လဆန်း(၈)ရက်(၇-၅-၂၀၂၂)ရက်နေ့မှစတင်၍ ရတနာ့မာရ်အောင်ဆံတော်ရှင်စေတီတော်ကိုလည်းကောင်း၊ (၈-၅-၂၀၂၂)ရက်နေ့တွင် သက္ကျမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ (၉-၅-၂၀၂၂)ရက်နေ့တွင် ဇိနမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ (၁၀-၅-၂၀၂၂)ရက်နေ့တွင် မင်္ဂလမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း စဉ်ဆက်မပြတ် နေ့စဉ်ထီးတော်တင်ပူဇော်လာခဲ့ရာ ယနေ့ကဆုန်လဆန်း(၁၂)ရက်(၁၁-၅-၂၀၂၂)ရက်နေ့တွင် ဉာဏ်တော်(၆၃)ပေအမြင့်ရှိ လောကမာရ်အောင်စွယ်တော်မြတ်စေတီတော်ကို ပဉ္စမနေ့အနေဖြင့် ထီးတော်တင်မင်္ဂလာအခမ်းအနားကို ပူဇော်ကျင်းပခြင်းဖြစ်ကြောင်း၊ ထီးတော်တင်ပူဇော်ပွဲနေ့တိုင်းတွင် မြောက်ဦးအထူးတရားပွဲများကို ညနေ ၇ နာရီအချိန်တွင် မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းရှိ လျောင်းတော်မူဘုရားကြီးရှေ့ ဘုရားရင်ပြင်တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။ ဤသို့ မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ပွဲနှင့် မြောက်ဦးအထူးတရားပွဲများကို (၈)ညတိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်းတို့ကို " မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ " facebook page နှင့် နီးစပ်ရာမြို့နယ်များတွင်လည်း ဗီနိုင်းကြော်ငြာများစိုက်ထူ၍ ဓမ္မမိတ်ဆွေအသီးသီးသို့ အသိပေးဖိတ်ခေါ်ထားပြီးဖြစ်ပါကြောင်း၊ ထီးတော်တင်ပူဇော်ခြင်းမပြုမီ ဆရာတော်သံဃာတော်များက လောကမာရ်အောင်စွယ်တော်မြတ်စေတီတော်အားခြံရံလျက် မေတ္တာသုတ်ပရိတ်တရားတော်အား ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြပြီး ထီးတော်တင်မင်္ဂလာကိုစတင်ခဲ့ခြင်းဖြစ်ကြောင်း မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းမှသိရသည်။

အဆိုပါ ထီးတော်တင်မင်္ဂလာအခမ်းအနားသို့  မြောက်ဦးဆရာတော်ဘုရားကြီးကိုယ်တော်တိုင် တက်ရောက်ပူဇော်ခဲ့ပြီး ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ မအီမြို့ပေါ်ပြည်သူများနှင့် ပတ်ဝန်းကျင်ရပ်နီးရပ်ဝေးကျေးရွာများမှ ရဟန်းရှင်လူပြည်သူများ စည်ကားသိုက်မြိုက်စွာရောက်ရှိခဲ့ကြပြီး မနက်ဖြန် ကဆုန်လဆန်း(၁၃)ရက်၊ (၁၂-၅-၂၀၂၂)ရက်နေ့တွင် ထူပါရုံစေတီတော်မြတ်(ငြိမ်းချမ်းရေးစေတီတော်) ထီးတော်တင်မင်္ဂလာအခမ်းအနားကိုပူဇော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)