MNP - မေ ၄
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ဧပြီ (၃၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုး လန်ပျက်စီးခဲ့သည့် အိမ်ထောင်စု (၉၈)စု သို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာနှင့် အိမ် ဆောက်ပစ္စည်းတန်ဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အဖွင့်အမှာစကားပြောကြားပြီး လေဘေးဒဏ် သင့်ခဲ့သည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အိမ်ထောင်စု (၉၈)စုတို့အား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ စုစုပေါင်းကျပ်- (၆၀၆၁၀၀၀/-) ကို ထောက်ပံ့ ပေးအပ်ခဲ့သည့်အပြင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အိမ်ထောင်စု တစ်စုလျှင် ဆန်ရိက္ခာ (၆) ပြည်စီအား ထပ်ဆောင်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment